၂၀၀၈ လောက်က

ကျောင်းသား (၇) ယောက်ဝိုင်းကို သင်တယ်။

ကျွန်တော်က Definition အသစ်သင်ရင်

စာကို အရင်ရှင်းပြတယ်။

အသံထွက် သေချာသိမှ ရဲရဲ ကျက်နိုင်လို့

သုံးခါ တိုင်ပေးတယ်၊ သုံးခါ လိုက်ဆို။

ပြီးရင် သုံးခါ တူတူ ဆိုကြ။

ပြီးရင် တစ်ယောက်စီ အလွတ်ဆိုပေါ့။

ကလေးတစ်ယောက်က သူများလို မရဘူး။

ထပ်ခါခါ ပြန်ဆိုရတယ်။

စာမေးပွဲ ၈၆ မှတ် မရဘူး၊

အမှတ် အနည်းဆုံးနေရာကို သူပဲ အပိုင်ရသလို။


တစ်ခန်းချင်းစီအတွက် လေ့ကျင့် မေးခွန်းလေးတွေ ပေးလိုက်ရင်

သူက အမြဲ လုပ်လာပြီး လာပြတယ်။

အခြားသူတွေက

လုပ်ပြီး အိမ်မှာ ကျန်ခဲ့သလိုလို

အကြမ်းမှာပဲ လုပ်ထားတယ်လိုလို

လေးစားစရာ အဖြေ မပေးနိုင်ကြပါ။

စာမရတဲ့ ကလေးက

Daily revision မပျက်ဘူး။

နောက်ဆုံး လေ့ကျင့်မေးခွန်း ဆယ်စုံလုံး ဖြေတယ်။

Final Exam ကို ရူပ ၉၀ ကျော်နဲ့ အောင်သွားတယ်။

၂၀၁၃ မှာက section တစ်ခု

အတော်တွေ အများကြီး

ဒီကျောင်းသားက နာမည် မကြီးဘူး။

စာမေးပွဲ အမှတ်များတာ သူ မပါဘူး။

လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။

မေးခွန်း ပေးလိုက်ရင် သေချာ ဖြေလာတယ်။

ဘာအလုပ် ပေးပေး ပြီးစီးနေအောင် လုပ်တယ်။

အားနေရင် စာဖတ်တယ်။

စကား နည်းတယ်။

နောက်ဆုံးမှာ အမှတ်ပြည့်နဲ့ အောင်သွားတယ်။

စာသင်ချိန် တစ်ပါတ် ၃ နာရီမှာ

စာလုံးတိုင်း နားလည်ဖို့ အချိန် လုရတယ်။

စာမေး ဆွေးနွေးဖို့ အချိန်ယူရတယ်။

စာဆွေးနွေးမှု မရှိရင် အကျိုးမရှိဘူး။

စာကျက်ဖို့၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့က

အမှတ်များချင်တဲ့ ကျောင်းသားက လုပ်ရမှာ။

လုပ်စရာကို မလုပ်ရင်တော့

ကျောင်းသွား ငွေကုန်၊ အချိန်ကုန်ပါ။

လူတော် ဖြစ်ချင်ရင် မပျင်းပါနဲ့။

အောင်မြင်ချင်ရင် စနစ်တကျ လုပ်ပါ။

စနစ်ကျဖို့ စည်းကမ်းနဲ့ သတိ ရှိပါ။

Comments

Popular posts from this blog