ရူပဗေဒ ဂုဏ်ထူးထွက်အောင် ဘာလုပ်ရမလဲ မေးကြလို့။
နယ်ကျောင်း တစ်ခုက ဆရာမလေး တစ်ယောက်။
သိပ္ပံတွဲ ၄၇ ယောက်မှာ ၂၆ ယောက် ဂုဏ်ထူးရတယ်။
အမှတ်တွေလည်း မြင့်ကြတယ်။
သူဘာတွေ အားသာသလဲ။
၂၀၁၃ က ၂၀၁၉ ထိ ရန်ကုန်မှာ နေ့စဥ်ပညာယူတယ်။
ဂိုက် လုပ်ခိုင်းတော့ မိဖတွေ သဘောကျတယ်။
အလုပ် လုပ်တာ တိကျတယ်။ အချိန် တိကျတယ်။ စိတ်ချရတယ်။
ကိုဗစ်မှာ နယ်ပြန်တယ်။
ကိုယ်တစ်ယောက်တည်း လုပ်ခွင့်ရတဲ့ ကျောင်းမှာ သင်တယ်။
တစ်နေ့ စာသင်ချိန် တစ်နာရီခွဲ ၅ ရက် ရတယ်။
၁၃ ခန်းစလုံး ပြီးအောင် သင်တယ်။
Detailed revision ၁၃ ခန်းစလုံး လုပ်တယ်။
မေးခွန်း ၇ စုံ ဖြေခိုင်းတယ်။
ဂုဏ်ထူး များတယ်၊ အမှတ် မြင့်တယ်။
တကယ်လုပ်ရင် တကယ် ဖြစ်တယ်။
I interest
ReplyDelete