ရူပဗေဒ အမှတ်တွေ များတာ ဝမ်းသာစရာပါ။
အမှတ် နည်းခြင်း၊ များခြင်းက မေးခွန်းပေါ် မူတည်သလို၊ အမှတ် ခွဲဝေမှု အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။
အမှတ်တွေကို တစ်ဝက်တို့၊ တစ်စိတ်တို့ မလုပ်တာ ကောင်းတဲ့ စနစ်ပါ။
ပုံသေနည်း နာမည် ရေးမှ ဆိုတာတို့၊ ညီမျှခြင်း နာမည် ရေးမှ ဆိုတာတို့
Symbol အပြင် ပေးချက်စာတွေ ရေးမှ ဆိုတာတို့ မရှိတာလည်း ကောင်းတယ်။
ပုံသေနည်း တစ်မှတ်၊ အဖြေ တစ်မှတ် ရှင်းနေရော။
Conceptual quiz တွေမှာလည်း သဘောတရား မှန်ရင် အမှတ်ပေးတာ မှန်တယ်။
ပြဌာန်းစာအုပ်က မှားတယ်၊ ကလေးက မှန်တယ်၊ တိုက်စစ် မလုပ်ဘဲ အမှတ်ပေးတာလည်း ကောင်းတယ်။
အစစ အရာရာ ပိုပြီး ခေတ်မီအောင် လုပ်တာ ကောင်းတယ်။
တစ်အုပ်လုံး မှတ်မိရုံနဲ့ ဖြေနိုင်တာထက် တကယ်နားလည်မှ ဖြေနိုင်မည့် မေးခွန်းမျိုးတော့ 5-10 % ပါဖို့ သင့်တယ်လို့ ထင်ပါတယ်။
ခုနှစ်တွေ ကျက်ခိုင်း၊ မှတ်ခိုင်းနေရင်တော့ ဘာသာရပ် သဘောလိုက်ဖို့ အားနည်းမယ်။
သိပ္ပံမေးခွန်းက ကျက်စာ များလွန်းတာ မဖြစ်သင့်ဘူး။
ပုံသေနည်း ကောက်ထည့်၊ အဖြေထွက်တာ များများလည်း မဖြစ်သင့်ဘူး။
အောင်ဖို့လည်း မခက်၊ ဂုဏ်ထူး ရဖို့လည်း ဖြစ်နိုင်၊ တကယ်နားလည်မှ အမှတ်ပြည့်တာမျိုးတော့ ဖြစ်အောင် လုပ်ရမှာပါ။
စာသင်ကြားမှု ပုံစံတွေက မေးခွန်းတွေပေါ် အခြေခံပြီး သင်ကြတာ များပါတယ်။
ဘာသာရပ်ကို တကယ်တတ်အောင် သင်ဖို့ စာမေးပွဲ မေးခွန်းနဲ့ပဲ ထိန်းနိုင်တယ်။
တတ်ဖို့ထက် အောင်ဖို့သာ အဓိကထား သင်လာကြတယ်။
သတ်မှတ်ထားတဲ့ လပိုင်း မာတိကာအတိုင်း မသွားကြတာလည်း လုပ်လာကြတယ်။
မေးခွန်း ပုံစံ၊ အမှတ်ပေးပုံစံ ကောင်းမွန်နေမှ စာသင်ကြားမှုလည်း ထိရောက်မယ်။
မေးခွန်းစနစ်၊ အမှတ်ပေးတဲ့ စနစ်ကလည်း ငြိမ်ဖို့ လိုတယ်။
လူ့အတ္တထက် ပညာ တကယ်တတ်စေဖို့၊ ထိုက်တန်တဲ့ အမှတ်ရစေဖို့ လိုအပ်တယ်။
ရည်ရှည်ကို တွေး၊ နိုင်ငံတကာ ပညာရေးကို လေ့လာ၊ လိုအပ်တာ ပြင်ရင် ပိုပြီး ကောင်းလာမှာပါ။
သမိုင်းကောင်း မှတ်တမ်း ချန်ထားနိုင်ကြပါစေ။
Comments
Post a Comment