စပိန် နာမည်ကြီး ဘောလုံးကလပ် တစ်ခုက နာမည်ကြီး ခြေစွမ်းပြနေတဲ့ ဘော်လုံးသမားတစ်ယောက်ကို အဂ်လန်နာမည်ကြီး အသင်းတစ်သင်းကို ရောင်းလိုက်တယ်။
အသင်းဟောင်း ပရိတ်သတ်တွေက စိတ်ဆိုး ဝေဖန်ကြတော့ နည်းပြ ဖြေရှင်းတာက သူက တော်တာ မှန်ပေမဲ့ မကြိုးစားဘူးတဲ့။
အသင်းသစ်မှာ သူဟာ အစပိုင်းနဲ့ ရံဖန်ရံခါ ခြေစွမ်းပြပေမဲ့ အသင်းအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ သာမန် အသင်းတစ်ခုကို ရောင်းထုတ် ခံရပါတယ်။
ဘယ်လောက်ပဲ တော်တော် ကြိုးစားအားထုတ်မှု နည်းရင်တော့ အောင်မြင်မှု မရနိုင်ပါဘူး။ ဘယ်နည်းပြမှ မလိုချင်ပါဘူး။
ကျွန်တော့် ကလပ်စ်မှာ အလကား ပေးချင်စရာ လူတော်များစွာ ရှိပါသည်။
Comments
Post a Comment