စာသင်ချင်တယ် ဆိုသူတွေ အများကြီးပါ။
ကျောင်းသားရရင် ပေးပါ ဆိုသူတွေလည်း အများကြီးပါ။
ဘာလုပ်နေသလဲ မေးတော့ စာနဲ့ ပါတ်သက်တာ မလုပ်။
စာသင်သား ရဖို့ ထိုင်စောင့်နေကြသည်။
တကယ်တော့ စာသင်သား ရဖို့က အလွန်လွယ်သော ခေတ်ပါ။
သင်ခန်းစားလေးတွေ ပြုစု လိုင်းပေါ်မှာ တင်လို့ ရပါသည်။
ကိုယ့်အတွက်လည်း သင်ခန်းစာ ပြန်ထိတွေ့မှု ကောင်းသည်။
သင်ခန်းစာလည်း စုစည်းပြီး ဖြစ်သည်။
လေ့လာလိုသူများလည်း ရယူ လေ့လာကြမည်။
ဆွေးနွေးလာသူများကို ကောင်းစွာ တုန့်ပြန်ခြင်းဖြင့် လိုသလို ပြုပြင်နိုင်သည်။
မိမိ သင်ခန်းစာကို သဘောကျသူများက စာသင်ခံရန် မေးလာကြပေမည်။
နီးလျင် လူတွေ့ သင်နိုင်မည်၊ ဝေးလျင် online သင်လို့ရသည်။
ဆရာ လိုချင်သူများကို လက်တွေ့ ပြလို့ ရသည်။
စာသင်သား မရသေးလျင်တောင် ပညာဒါန ဖြစ်သည်။
မိမိ အစွမ်းအစ တက်လာသည်။
မိမိကို လူ ပိုသိလာသည်။
မိမိ၏ အဝန်းအဝိုင် ကျယ်လာသည်။
မိမိ နေရာကို မိမိ ဖန်တီးနိုင်သည်။
သူတပါး အကူအညီရဖို့ ပူနေစရာ မလိုတော့ပါ။
ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာပါ။
Comments
Post a Comment