ရူပဗေဒ မေးခွန်းဆိုတာ
ဉာဏ်စမ်း မပါဘူး။ ဆက်စပ် တွေးတတ်မှ ဖြေတတ်စရာ မပါဘူး။
ပြဌာန်းစာအုပ် ပိုင်ပြီး၊ သေချာဖြေတတ်မယ်ဆိုရင်
အမှတ်ပေးတာက မလိုဘဲ မညစ်ရင်
အမှတ် မပြည့်တောင် အမှတ် မြင့်တယ်။
ရူပဗေဒ အမှတ်မြင့်ဖို့က
ပြဌားန်စာအုပ် ပိုင်နေဖို့ လိုတယ်။
မှတ်ရမှာက စာလုံးတိုင်း၊ ကျက်ရမှာက စာကြောင်းတိုင်း၊
ဆွဲရမှာက ပုံတိုင်း၊ တွက်ရမှာက ပုစ္ဆာတိုင်း၊
Teacher's guide ထဲလည်း မမေးဖို့လို့ တရားဝင် မပြောဘူး။
ရူပသဘောတရား မမေးတတ်လို့ ခုနှစ်တွေ မေးတာက တိုးလာသေး။
စာက အရမ်းများ၊ နီးမှ ကျက်လို့မရ။
နေ့တိုင်း ထိတွေ့ လုပ်နေရမယ်။
ဒါကြောင့် daily revision လုပ်ခိုင်းတယ်။
Daily မလုပ်ကြပါဘူး။
ဆရာနဲ့ တွေ့တဲ့ weekly တောင် ပျက် တစ်လည့်၊ မေ့ကျန် တစ်လှည့်။
ဒီနေ့တော့ အတန်းတစ်ခုကို မေးကြည့်တယ်၊
Daily တစ်ရက်စာ ဘယ်လောက်ကြာသလဲလို့၊
လုပ်ရမှာက ငါးခန်းအတွက် ၆ ခု။
တစ်နာရီ ကြာတယ် ဆိုသူ ဆို၊ ၄၅ မိနစ်က တစ်စု၊ နာရီဝက် ကြာတယ် ဆိုပဲ။
ကဲ စာအုပ်ထုတ်၊ Day 17 လုပ်စမ်းလို့ ခိုင်းလိုက်တယ်။
စာအုပ်ဖွင့်ရှာ ပေးကူးတယ်။
ပထမ တစ်ယောက် ၁၄ မိနစ် ကြာတယ်။
အများစုက ၁၈ မိနစ်လောက်၊ အရမ်းနှေးတဲ့ နှစ်ယောက်က ၂၅ မိနစ်၊
နောက်ဆုံးတစ်ယောက်က နာရီဝက်။
အကြာဆုံးသမားက သူများတင်မည့်စာရွက်ကို ယူကူးနေကျ၊
ကိုယ်တိုင် ရှာကူးရတော့ ဘယ်မှာ ရှာရမှန်းတောင် မသိ၊
ကိုယ့်စာအုပ်ထဲ ဘယ်နား ဘာရှိမှန်း မသိ
ရူပဗေဒ အမှတ်များချင်ရင်တော့ စာများများဖတ်။
နေ့စဥ် အချိန်နည်းနည်း လုပ်ရမှာကို သေချာလုပ်။
ကိုယ့်အတွက် အကျိုးရှိ ထိရောက်အောင် လုပ်။
ဆရာ အဆူမခံရရုံလောက်တွေး၊ နေ့စဥ်မလုပ်ဘဲ စုပုံလုပ်နေပြီး၊
ဆရာနဲ့တွေ့မှ နေ့စဥ်လုပ်သယောင် ဟန်မဆောင်နဲ့။
တစ်နေ့ မိနစ် ၂၀ စာ မလုပ်ချင်လည်း ရတယ်။
နေ့စဥ်မလုပ်ချင်လည်း ရတယ်။
နောက်မှ စုကျက်လည်း ရတယ်။
နေ့စဥ် နေ့တိုင်း လုပ်နေသူလောက်တော့ မင်း စာမရနိုင်ဘူး။
Comments
Post a Comment