Posts

Showing posts from June, 2024
 ရူပဗေဒ အမှတ်တွေ များတာ ဝမ်းသာစရာပါ။ အမှတ် နည်းခြင်း၊ များခြင်းက မေးခွန်းပေါ် မူတည်သလို၊ အမှတ် ခွဲဝေမှု အပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အမှတ်တွေကို တစ်ဝက်တို့၊ တစ်စိတ်တို့ မလုပ်တာ ကောင်းတဲ့ စနစ်ပါ။ ပုံသေနည်း နာမည် ရေးမှ ဆိုတာတို့၊ ညီမျှခြင်း နာမည် ရေးမှ ဆိုတာတို့ Symbol အပြင် ပေးချက်စာတွေ ရေးမှ ဆိုတာတို့ မရှိတာလည်း ကောင်းတယ်။ ပုံသေနည်း တစ်မှတ်၊ အဖြေ တစ်မှတ် ရှင်းနေရော။ Conceptual quiz တွေမှာလည်း သဘောတရား မှန်ရင် အမှတ်ပေးတာ မှန်တယ်။ ပြဌာန်းစာအုပ်က မှားတယ်၊ ကလေးက မှန်တယ်၊ တိုက်စစ် မလုပ်ဘဲ အမှတ်ပေးတာလည်း ကောင်းတယ်။ အစစ အရာရာ ပိုပြီး ခေတ်မီအောင် လုပ်တာ ကောင်းတယ်။ တစ်အုပ်လုံး မှတ်မိရုံနဲ့ ဖြေနိုင်တာထက် တကယ်နားလည်မှ ဖြေနိုင်မည့် မေးခွန်းမျိုးတော့ 5-10 % ပါဖို့ သင့်တယ်လို့ ထင်ပါတယ်။ ခုနှစ်တွေ ကျက်ခိုင်း၊ မှတ်ခိုင်းနေရင်တော့ ဘာသာရပ် သဘောလိုက်ဖို့ အားနည်းမယ်။ သိပ္ပံမေးခွန်းက ကျက်စာ များလွန်းတာ မဖြစ်သင့်ဘူး။ ပုံသေနည်း ကောက်ထည့်၊ အဖြေထွက်တာ များများလည်း မဖြစ်သင့်ဘူး။ အောင်ဖို့လည်း မခက်၊ ဂုဏ်ထူး ရဖို့လည်း ဖြစ်နိုင်၊ တကယ်နားလည်မှ အမှတ်ပြည့်တာမျိုးတော့ ဖြစ်အောင် လုပ်ရမှာပါ။ စာသင်ကြားမှု ပုံစံ...
 ရူပဗေဒ မေးခွန်းဆိုတာ ဉာဏ်စမ်း မပါဘူး။ ဆက်စပ် တွေးတတ်မှ ဖြေတတ်စရာ မပါဘူး။ ပြဌာန်းစာအုပ် ပိုင်ပြီး၊ သေချာဖြေတတ်မယ်ဆိုရင် အမှတ်ပေးတာက မလိုဘဲ မညစ်ရင် အမှတ် မပြည့်တောင် အမှတ် မြင့်တယ်။ ရူပဗေဒ အမှတ်မြင့်ဖို့က ပြဌားန်စာအုပ် ပိုင်နေဖို့ လိုတယ်။ မှတ်ရမှာက စာလုံးတိုင်း၊ ကျက်ရမှာက ​​​​စာကြောင်းတိုင်း၊ ဆွဲရမှာက ပုံတိုင်း၊ တွက်ရမှာက ပုစ္ဆာတိုင်း၊ Teacher's guide ထဲလည်း မမေးဖို့လို့ တရားဝင် မပြောဘူး။ ရူပသဘောတရား မမေးတတ်လို့ ခုနှစ်တွေ မေးတာက တိုးလာသေး။ စာက အရမ်းများ၊ နီးမှ ကျက်လို့မရ။ နေ့တိုင်း ထိတွေ့ လုပ်နေရမယ်။ ဒါကြောင့် daily revision လုပ်ခိုင်းတယ်။ Daily မလုပ်ကြပါဘူး။ ဆရာနဲ့ တွေ့တဲ့ weekly တောင် ပျက် တစ်လည့်၊ မေ့ကျန် တစ်လှည့်။ ဒီနေ့တော့ အတန်းတစ်ခုကို မေးကြည့်တယ်၊ Daily တစ်ရက်စာ ဘယ်လောက်ကြာသလဲလို့၊ လုပ်ရမှာက ငါးခန်းအတွက် ၆ ခု။ တစ်နာရီ ကြာတယ် ဆိုသူ ဆို၊ ၄၅ မိနစ်က တစ်စု၊ နာရီဝက် ကြာတယ် ဆိုပဲ။ ကဲ စာအုပ်ထုတ်၊ Day 17 လုပ်စမ်းလို့ ခိုင်းလိုက်တယ်။ စာအုပ်ဖွင့်ရှာ ပေးကူးတယ်။ ပထမ တစ်ယောက် ၁၄ မိနစ် ကြာတယ်။ အများစုက ၁၈ မိနစ်လောက်၊ အရမ်းနှေးတဲ့ နှစ်ယောက်က ၂၅ မိနစ်၊ နောက်ဆုံးတစ်ယောက်က နာရီဝက်။ အကြာဆုံးသမား...
 နာမည်ကြီးတဲ့ ဆရာ ရအောင် ခေါ်တယ်။ နာမည်ကြီးတဲ့ ဂိုက် ရအောင် ထည့်တယ်။ ဖြစ်ချင်တာ Top 1 ရချင်တာ ဘာသာစုံ ၁၀၀ မှတ် အလုပ်ကတော့ သာမာန်ပဲ။ အမှတ်များဖို့ ဆိုတာ ဆရာက နားလည်အောင် သင်ပေးတယ်၊ မှတ်မိနေအောင် လုပ်ဖို့ ကိုယ့်အလုပ်၊ ဂိုက်က ကျက်ဖို့ မှာခဲ့တယ်၊ ဂိုက်လာရင် ရနေဖို့က ကိုယ့်အလုပ်၊ ကိုယ့် အလုပ် ကိုယ်လုပ်မှ ရမယ်၊ အမှတ် အများဆုံး ဖြစ်ချင်ရင် အလုပ် အများဆုံး လုပ်ပါ။
 မေးခွန်း မှားရင် မေးခွန်းမှားရင် အဲ့ဒီမေးခွန်း နံပါတ်ကို ပါယ်ပါတယ်။ ကျန်တဲ့ အမှတ်နဲ့ ရာခိုင်နှုန်း တွက်ပါတယ်။
 ရူပဗေဒ ဂုဏ်ထူးထွက်အောင် ဘာလုပ်ရမလဲ မေးကြလို့။ နယ်ကျောင်း တစ်ခုက ဆရာမလေး တစ်ယောက်။ သိပ္ပံတွဲ ၄၇ ယောက်မှာ ၂၆ ယောက် ဂုဏ်ထူးရတယ်။ အမှတ်တွေလည်း မြင့်ကြတယ်။ သူဘာတွေ အားသာသလဲ။ ၂၀၁၃ က ၂၀၁၉ ထိ ရန်ကုန်မှာ နေ့စဥ်ပညာယူတယ်။ ဂိုက် လုပ်ခိုင်းတော့ မိဖတွေ သဘောကျတယ်။ အလုပ် လုပ်တာ တိကျတယ်။ အချိန် တိကျတယ်။ စိတ်ချရတယ်။ ကိုဗစ်မှာ နယ်ပြန်တယ်။ ကိုယ်တစ်ယောက်တည်း လုပ်ခွင့်ရတဲ့ ကျောင်းမှာ သင်တယ်။ တစ်နေ့ စာသင်ချိန် တစ်နာရီခွဲ ၅ ရက် ရတယ်။ ၁၃ ခန်းစလုံး ပြီးအောင် သင်တယ်။ Detailed revision ၁၃ ခန်းစလုံး လုပ်တယ်။ မေးခွန်း ၇ စုံ ဖြေခိုင်းတယ်။ ဂုဏ်ထူး များတယ်၊ အမှတ် မြင့်တယ်။ တကယ်လုပ်ရင် တကယ် ဖြစ်တယ်။