Posts

 ၂၀၀၈ လောက်က ကျောင်းသား (၇) ယောက်ဝိုင်းကို သင်တယ်။ ကျွန်တော်က Definition အသစ်သင်ရင် စာကို အရင်ရှင်းပြတယ်။ အသံထွက် သေချာသိမှ ရဲရဲ ကျက်နိုင်လို့ သုံးခါ တိုင်ပေးတယ်၊ သုံးခါ လိုက်ဆို။ ပြီးရင် သုံးခါ တူတူ ဆိုကြ။ ပြီးရင် တစ်ယောက်စီ အလွတ်ဆိုပေါ့။ ကလေးတစ်ယောက်က သူများလို မရဘူး။ ထပ်ခါခါ ပြန်ဆိုရတယ်။ စာမေးပွဲ ၈၆ မှတ် မရဘူး၊ အမှတ် အနည်းဆုံးနေရာကို သူပဲ အပိုင်ရသလို။ တစ်ခန်းချင်းစီအတွက် လေ့ကျင့် မေးခွန်းလေးတွေ ပေးလိုက်ရင် သူက အမြဲ လုပ်လာပြီး လာပြတယ်။ အခြားသူတွေက လုပ်ပြီး အိမ်မှာ ကျန်ခဲ့သလိုလို အကြမ်းမှာပဲ လုပ်ထားတယ်လိုလို လေးစားစရာ အဖြေ မပေးနိုင်ကြပါ။ စာမရတဲ့ ကလေးက Daily revision မပျက်ဘူး။ နောက်ဆုံး လေ့ကျင့်မေးခွန်း ဆယ်စုံလုံး ဖြေတယ်။ Final Exam ကို ရူပ ၉၀ ကျော်နဲ့ အောင်သွားတယ်။ ၂၀၁၃ မှာက section တစ်ခု အတော်တွေ အများကြီး ဒီကျောင်းသားက နာမည် မကြီးဘူး။ စာမေးပွဲ အမှတ်များတာ သူ မပါဘူး။ လေ့ကျင့်ခန်း ပုံမှန် လုပ်တယ်။ မေးခွန်း ပေးလိုက်ရင် သေချာ ဖြေလာတယ်။ ဘာအလုပ် ပေးပေး ပြီးစီးနေအောင် လုပ်တယ်။ အားနေရင် စာဖတ်တယ်။ စကား နည်းတယ်။ နောက်ဆုံးမှာ အမှတ်ပြည့်နဲ့ အောင်သွားတယ်။ စာသင်ချိန် တစ်ပါတ် ၃ နာရီမှာ စာလုံးတ...
 Speed of light ရဲ့ symbol က ဘာလို့ c ဖြစ်ရတာလဲ။ celeritas ဆိုတဲ့ Latin ဘာသာစကားက ယူတာပါ။ အဂ်လိပ်လို speed လို့ ဆိုလိုပါတယ်။ Weber and Kohlrausch တို့က 1856 မှာ စသုံးတာလို့ ဆိုပါတယ်။ Electromagnetic wave constant အနေနဲ့ သုံးခဲ့တာပါ။ Maxwell က speed of light ကို V လို့ သုံးပါတယ်။ ၁၉၀၇ မှာ Einstein က V အစား c လို့ ပြောင်းသုံးရာက velocity of light ရဲ့ symbol က c အဖြစ် သုံးလာကြတာပါ။
 momentum ရဲ့ symbol က ဘာလို့ p ဖြစ်ရတာလဲ။ သူ့ရဲ့ မူလ စကားလုံးက impetus တွန်းတိုက်အားလို့ ဆိုလိုတယ်။ impetus ရဲ့ မူလ Latin စကားလုံးက impellere ဖြစ်တယ်။ အတွင်းမှ တွန်းအားလို့ ဆိုလိုတယ်။ i နဲ့ m က သက်ဆိုင်သူတွေ ရှိပြီးသားမို့ p ကို ယူလိုက်တယ်။
 စပိန် နာမည်ကြီး ဘောလုံးကလပ် တစ်ခုက နာမည်ကြီး ခြေစွမ်းပြနေတဲ့ ဘော်လုံးသမားတစ်ယောက်ကို အဂ်လန်နာမည်ကြီး အသင်းတစ်သင်းကို ရောင်းလိုက်တယ်။ အသင်းဟောင်း ပရိတ်သတ်တွေက စိတ်ဆိုး ဝေဖန်ကြတော့ နည်းပြ ဖြေရှင်းတာက သူက တော်တာ မှန်ပေမဲ့ မကြိုးစားဘူးတဲ့။ အသင်းသစ်မှာ သူဟာ အစပိုင်းနဲ့ ရံဖန်ရံခါ ခြေစွမ်းပြပေမဲ့ အသင်းအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ သာမန် အသင်းတစ်ခုကို ရောင်းထုတ် ခံရပါတယ်။ ဘယ်လောက်ပဲ တော်တော် ကြိုးစားအားထုတ်မှု နည်းရင်တော့ အောင်မြင်မှု မရနိုင်ပါဘူး။ ဘယ်နည်းပြမှ မလိုချင်ပါဘူး။ ကျွန်တော့် ကလပ်စ်မှာ အလကား ပေးချင်စရာ လူတော်များစွာ ရှိပါသည်။
 စာသင်ချင်တယ် ဆိုသူတွေ အများကြီးပါ။ ကျောင်းသားရရင် ပေးပါ ဆိုသူတွေလည်း အများကြီးပါ။ ဘာလုပ်နေသလဲ မေးတော့ စာနဲ့ ပါတ်သက်တာ မလုပ်။ စာသင်သား ရဖို့ ထိုင်စောင့်နေကြသည်။ တကယ်တော့ စာသင်သား ရဖို့က အလွန်လွယ်သော ခေတ်ပါ။ သင်ခန်းစားလေးတွေ ပြုစု လိုင်းပေါ်မှာ တင်လို့ ရပါသည်။ ကိုယ့်အတွက်လည်း သင်ခန်းစာ ပြန်ထိတွေ့မှု ကောင်းသည်။ သင်ခန်းစာလည်း စုစည်းပြီး ဖြစ်သည်။ လေ့လာလိုသူများလည်း ရယူ လေ့လာကြမည်။ ဆွေးနွေးလာသူများကို ကောင်းစွာ တုန့်ပြန်ခြင်းဖြင့် လိုသလို ပြုပြင်နိုင်သည်။ မိမိ သင်ခန်းစာကို သဘောကျသူများက စာသင်ခံရန် မေးလာကြပေမည်။ နီးလျင် လူတွေ့ သင်နိုင်မည်၊ ဝေးလျင် online သင်လို့ရသည်။ ဆရာ လိုချင်သူများကို လက်တွေ့ ပြလို့ ရသည်။ စာသင်သား မရသေးလျင်တောင် ပညာဒါန ဖြစ်သည်။ မိမိ အစွမ်းအစ တက်လာသည်။ မိမိကို လူ ပိုသိလာသည်။ မိမိ၏ အဝန်းအဝိုင် ကျယ်လာသည်။ မိမိ နေရာကို မိမိ ဖန်တီးနိုင်သည်။ သူတပါး အကူအညီရဖို့ ပူနေစရာ မလိုတော့ပါ။ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာပါ။
 Physics တစ်မှတ်တန် ဘယ်စာအုပ် ကိုင်ရမလဲ။ ပြဌာန်း စာအုပ်ကိုပဲ သင်ပါ။ စာတစ်ကြောင်းချင်း သင်ပါ။ စာလုံးတိုင်းကို ရှင်းပါ။ ဘယ်လို မေးနိုင်တာ ပြောပြပါ။ လက်တွေ့ မေးပါ။ Key words တွေ ထုတ်ပေးပါ။ မှတ်ခိုင်းပါ။ ကိုယ်တိုင် မေးခွန်း လုပ်နိုင်အောင် ကြိုးစားပါ။ အပါတ်တိုင်း စာမေးပွဲ စစ်ပါ။

Viscosity

 Does the viscosity of a liquid depend on the shear stress? အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ် မှီခိုပါသလား။ If the liquid is Newtonian liquid, the viscosity of the liquid is constant and does not depend on the shear stress. တကယ်လို့ အရည်က နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမ (Newtons law of viscosity) ကို လိုက်နာတဲ့ အရည်မျိုးဖြစ်ရင်တော့ အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ်  မမှီခိုပါ။ If the liquid is non-Newtonian liquid, the viscosity of the liquid is not constant and depends on the shear stress. တကယ်လို့ အရည်က နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမ (Newtons law of viscosity) ကို မလိုက်နာတဲ့ အရည်မျိုးဖြစ်ရင်တော့ အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ်  မှီခိုပါမယ်။ [နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမကို လိုက်နာတဲ့ အရည်မျိုးဆိုတာက အရည်တွင်း ခုခံမှုက အရည်ပေါ် သက်ရောက်တဲ့ ဘေးတိုက်ဖိအားအပေါ် မမှီခိုဘဲ ကိန်းသေဖြစ်နေတဲ့ အရည်မျိုးပါ။ (ရေ၊ လေ၊ နွားနို့၊)] [နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမကို မလိုက်နာတဲ့ အရည်မျိုးဆ...