Posts

Showing posts from August, 2024
 Physics တစ်မှတ်တန် ဘယ်စာအုပ် ကိုင်ရမလဲ။ ပြဌာန်း စာအုပ်ကိုပဲ သင်ပါ။ စာတစ်ကြောင်းချင်း သင်ပါ။ စာလုံးတိုင်းကို ရှင်းပါ။ ဘယ်လို မေးနိုင်တာ ပြောပြပါ။ လက်တွေ့ မေးပါ။ Key words တွေ ထုတ်ပေးပါ။ မှတ်ခိုင်းပါ။ ကိုယ်တိုင် မေးခွန်း လုပ်နိုင်အောင် ကြိုးစားပါ။ အပါတ်တိုင်း စာမေးပွဲ စစ်ပါ။

Viscosity

 Does the viscosity of a liquid depend on the shear stress? အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ် မှီခိုပါသလား။ If the liquid is Newtonian liquid, the viscosity of the liquid is constant and does not depend on the shear stress. တကယ်လို့ အရည်က နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမ (Newtons law of viscosity) ကို လိုက်နာတဲ့ အရည်မျိုးဖြစ်ရင်တော့ အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ်  မမှီခိုပါ။ If the liquid is non-Newtonian liquid, the viscosity of the liquid is not constant and depends on the shear stress. တကယ်လို့ အရည်က နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမ (Newtons law of viscosity) ကို မလိုက်နာတဲ့ အရည်မျိုးဖြစ်ရင်တော့ အရည်တွင်း ခုခံမှုသည် အရည်ပေါ် သက်ရောက်နေသည့် ဘေးတိုက်ဖိအားအပေါ်  မှီခိုပါမယ်။ [နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမကို လိုက်နာတဲ့ အရည်မျိုးဆိုတာက အရည်တွင်း ခုခံမှုက အရည်ပေါ် သက်ရောက်တဲ့ ဘေးတိုက်ဖိအားအပေါ် မမှီခိုဘဲ ကိန်းသေဖြစ်နေတဲ့ အရည်မျိုးပါ။ (ရေ၊ လေ၊ နွားနို့၊)] [နယူတန်ရဲ့ အရည်တွင်းခုခံမှုနိယာမကို မလိုက်နာတဲ့ အရည်မျိုးဆ...